ပြည်မင်းသားကျောင်းတိုက် (မဟာအတုလွတ်ဘုံစံပြည်ကျောင်းတိုက်)

Listing Description

ပြည်မင်းသားကျောင်းတိုက်ခေါ် မဟာအတုလွတ်ဘုံစံပြည်ကျောင်းတိုက်သည် ရန်ကုန်မှ မန္တလေးမြို့သို့ အဝင် တံခွန်တိုင်အဝိုင်းပတ်အနီး ၇၈ လမ်းမကြီး၏ ညာဘက်ခြမ်းတွင် တည်ရှိပြီး သာယာဝတီမင်းကြီး၏ သားတော် ပြည်မင်းသားက မြန်မာသက္ကရာဇ် ၁၂၀၁ ခုနှစ်တွင် ဆောက်လုပ် လှူဒါန်းခဲ့ပါသည်။ သက်တမ်း အားဖြင့် ၁၈၀ နှစ်ခန့် ရှိပြီဖြစ်သော သစ်သားကျောင်းတိုက်ကြီးကို ကျွန်းသစ်တိုင်လုံးပေါင်း ၁၄၀ ကျော်ဖြင့် တည်ဆောက်ထားပြီး ဇေတဝန်ဆောင်မကြီးနှင့်အပြိုင်ဝဲယာတွင် ဆောင်ပွားနှစ်ဆောင်ပါဝင် ဖွဲ့စည်းထားပါသည်။ ပြည်ကျောင်းတိုက်တွင် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ၊ ရှေးဟောင်း မှန်စီရွှေချလက်ရာများ၊ ပလ္လင်တံကဲများ၊ စာတိုက်ဗီရိုများ၊ ယွန်းသတ္တာကြီးများ၊ ဇာတ်တော်များဖြင့် ရုပ်လုံးရုပ်ကြွပုံများဖော်ထားသော ကျွန်းသတ္တာများ၊ ရှေးဟောင်း ပေစာထုပ်များ၊ ရှေးဟောင်းကြေးခေါင်းလောင်း၊ တိုင်ရှည်များမှ ကနုတ်ပန်းများ၊ နတ်ရုပ်၊ သိကြားရုပ်နှင့် ပန်းပုရုပ်လုံးရုပ်ကြွများကို လေ့လာတွေ့ရှိနိုင်ပါသည်။