တနင်္သာရီမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ စိတ်ပါဝင်စားစွာ ဆန္ဒမဲများပေး

Listing Description

တနင်္သာရီ  နိုဝင်ဘာ   ၈

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ နယ်အတွင်း   ရပ်ကွက်/ကျေးရွာ၂၅ အုပ်စုမှ မဲရုံပေါင်း ၉၇ ရုံအား ယနေ့ နံနက် ၆ နာရီက စတင်ဖွင့်လှစ်ပြီး မဲဆန္ဒရှင်ပြည်သူများက  စိတ်ပါဝင် စားစွာ လာရောက်စောင့်ဆိုင်းလျက် စိတ်အေးချမ်းသာစွာ ဆန္ဒမဲပေးလျက် ရှိကြောင်း  ချောင်းငယ်ရပ်ကွက် မဲရုံ အမှတ်(၁)မှ သိရသည်။

လုံခြုံရေးကြိုးဖြင့် မဲပုံးကိုပိတ်

ချောင်းငယ်ရပ်ကွက်   မဲရုံအမှတ် (၁)အား  နံနက် ၆ နာရီတွင် မဲရုံစတင် ဖွင့်လှစ်ပြီး   ကော်မရှင်အဖွဲ့ဝင်များ၊ ပါတီ     အကူကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲ    လေ့လာစောင့်ကြည့် သူများ၊   မီဒီယာများရှေ့တွင်  မဲပုံး အလွတ်ဖြစ်ကြောင်း သက်သေပြသပြီး နောက် လုံခြုံရေးကြိုးဖြင့် မဲပုံးကိုပိတ် သည်။

ယင်းနောက်     ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ  အသင့် စောင့်ဆိုင်းနေသော   မဲဆန္ဒရှင်ပြည်သူ များက   ဆန္ဒမဲများကို  စနစ်တကျ လျှို့ဝှက်စွာ ထည့်ပေးလျက်ရှိကြောင်း၊ အလားတူ        ချောင်းကြီးရပ်ကွက် အထက-တနင်္သာရီ မဲရုံအမှတ်(၁)နှင့်   အခြားသော  မဲရုံ ၉၇ ရုံတွင်လည်း ယခုကဲ့သို့  စနစ်တကျဆန္ဒမဲပေးနေကြ ပြီဖြစ်ကြောင်း   သိရသည်။

တနင်္သာရီမြို့နယ်၌     တစ်သီး ပုဂ္ဂလအပါအဝင် နိုင်ငံရေးပါတီ ခြောက် ပါတီမှ   ကိုယ်စားလှယ်လောင်း    ၂၁   ဦးက ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြ ကြောင်း   မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)