ပိုင်အုပ်စိုးအောင်

Listing Description

သရုပ်ဆောင်၊ မော်ဒယ် ပိုင်အုပ်စိုးအောင်ကို ၂၀၀၁ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့တွင် ဖွားမြင်ခဲ့သည်။ ဇာတိမှာ အောင်ပန်းမြို့ ဖြစ်ပြီး မိဘများရန်ကုန်မြို့သို့ ခရီးထွက်စဉ် မွေးဖွားခဲ့ခြင်းဖြစ်သည်။ မိဘများမှာ ဦးထင်အောင်၊ ဒေါ်အေးအေးသင်း တို့ဖြစ်သည်။ မောင်နှမနှစ်ယောက်ရှိပြီး အငယ်ဆုံးသား ဖြစ်သည်။ အထက်တန်းပညာရေးကို MLA International School တွင်တက်ရောက်သင်ကြားခဲ့သည်။

ကြော်ငြာမော်ဒယ်အဖြစ် ၂၀၁၆တွင်စတင်လုပ်ကိုင်ခဲ့ပြီး တယ်လီနော်ကြော်ငြာ ပထမဆုံးရိုက်ကူးခဲ့သည်။ ထို့နောက်တွင် မဂ္ဂဇင်းမျက်နှာဖုံးများ အတွက်ဓာတ်ပုံများရိုက်ကူးခဲ့သည်။ ကြော်ငြာမော်ဒယ်အဖြစ် ကြော်ငြာပေါင်း၃၀ကျော်ကို ရိုက်ကူးခဲ့ပြီး လက်တာဆွိုင်း ပဲနို့, Oppo, တယ်လီနော, Viho, Zalo နှင့် ပက်စီ., စသည်တို့ပါဝင်သည်။

၂၀၁၈ ခုနှစ် တွင် သရုပ်ဆောင်တစ်ယောက်ဖြစ်လာသည်။ သူ၏ ပွဲဦးထွက်ဇာတ်လမ်းကို အဓိကနေရာဖြင့် “နှလုံးသားနှင့်အနီးဆုံး” ရုပ်သံဇာတ်လမ်းတွဲတွင် မင်းသမီး နန်းစန္ဒာလှထွန်းနှင့်အတူရိုက်ကူးခဲ့သည်။ အဆိုပါဇာတ်လမ်းသည် MRTV-4 ရုပ်သံလိုင်းတွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၃၀ရက်နေ့ တွင်စတင်ထုတ်လွှင့်ခဲ့သည်။

တခြားသောဇာတ်ကားများတွင်လည်း ဧည့်သည့် သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ဖူးသည်။ ယခုလက်ရှိတွင်လည်း ဇာတ်ကားများနှင့် ကြော်ငြာများ ရိုက်ကူးလျက်ရှိသည်။

လက်တာဆွိုင်း ပဲနို့ ၏brand မော်ဒယ် အဖြစ် ဇူလိုင် ၂၀၁၇တွင် ခန့်အပ်ခံရသည်။

အောက်တိုဘာ ၂၀၁၇တွင် Oppo A7 smartphone ၏အရောင်းသံတမန်အဖြစ်ခန့်အပ်ခံရသည်။