ဆဒုံးရေတံခွန်

Listing Description

ဆဒုံးရေတံခွန်သည် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့အနီးတည်ရှိပါသည်။ မြစ်ကြီးနားမြို့နှင့် ဆဒုံးမြို့မှာ မိုင် ၄၀ ခန့် ကွာဝေးပါသည်။ လန်နခခေါ် ဆဒုံးရေတံခွန်သည် ကချင်ပြည်နယ်မှ တရုတ်ပြည်နယ်စပ်ထိလမ်းပေါက်သော ဝိုင်းမော်-ကန်ပိုက်တီးလမ်းမကြီး၏ တစ်ဖက်တောင်ကြောတွင် တည်ရှိသောကြောင့် လွယ်ကူစွာသွားရောက် လည်ပတ်နိုင်ပါသည်။ ရေတံခွန်မှာ အဆင့် ၇ ဆင့်ရှိပြီး အေးမြသောတောင်ကျရေများ ၂၄ နာရီပတ်လုံး စီးဆင်းနေပါသည်။ ရေတံခွန်မှာ မတ်စောက်သော တောင်ပေါ်မှ စီးကျလာပြီး ၇ ဆင့်မျှရှိသည်ဟု ဆိုကြသော်လည်း ရေတံခွန်မှာ မတ်စောက်ခြင်း၊ ကျောက်ဆောင်ပေါ်တွင် တည်ရှိသောကြောင့် အလွတ်တမ်း ဆင်းတက်ရန် အနည်းငယ်ခက်ခဲပါသည်။ တက်ရောက်သူများလည်း မတော်တဆမှုများရှိခဲ့သောကြောင့် တာဝန်ရှိသူများမှ အသိပေးဆိုင်းဘုတ်များဖြင့် မတက်ကြရန်လည်း သတိပေးထားပါသည်။ ထိုကြောင့် လာရောက်သူအများစုမှာ အဆင့် ၄ ဆင့်ထိသာ တက်ရောက်ကြပါသည်။ ဆဒုံးရေတံခွန်သည် ယခုအခါ လန်နခအပန်းဖြေစခန်းအဖြစ် တည်ဆောက်ပြီးသည့်နောက်ပိုင်းတွင် ကားရပ်နားရန်နေရာများ၊ စားသောက်ဆိုင်များ စနစ်တကျတည်ရှိပြီး လာရောက်လည်ပတ်သူများနှင့်စည်ကားလျက်ရှိပါသည်။