ထန်စမ်းလိုဏ်ဂူ

Listing Description

ထန်စမ်းလိုဏ်ဂူ သည် တောင်ကြီးမြို့ မှ ဟိုပုံးသို့ ၁၂ မိုင်၊ ဟိုပုံးမှ လွိုင်လင် လမ်းအတိုင်း ၁၄ မိုင်ခန့်တွင် တည်ရှိသည်။ ကားလမ်းအောက်ဖက် ပေ ၁၅၀ ခန့်တွင် ရှိပြီး ဂူ အမြင့်မှာ အမြင့်ဆုံးနေရာတွင် ပေ ၆၀ ခန့် မြင့်ပြီး အကျယ်ဆုံးနေရာတွင် ပေ ၂၀၀ ခန့် ကျယ်ပါသည်။ ဆရာတော် ဦးပေါရိဿ (ဟိုပုံးကိုရင်လေး)မှ ရှာဖွေ တွေ့ရှိခဲ့ပြီး ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့မှစ၍ ဖွင့်နိုင်ရန် ကြိုးပမ်း ခဲ့ပါသည်။ ထန်စမ်းဆိုသည့်အဓိပ္ပာယ်မှာ ဆင်လောက်ကြီးတဲ့ဂူဟု အဓိပ္ပာယ်ရပါသည်။ ထန်စမ်းဂူသည် သက်ရင့်ထုံး ကျောက်ဂူ အတွင်း အလွန်လှပသော ကျောက်စက်ပန်းဆွဲများ ပုံစံအမျိုးမျိုး၊ မြေပေါ်မှ ထိုးထွက်နေသော ကျောက်သားတိုင် ပုံစံ အမျိုးမျိုး တို့ဖြင့် ဖွဲ့စည်းထားပါသည်။ ဂူသည် ပင်းတယရွှေဥမင်လိုဏ်ဂူနှင့် ကလောရွှေဥမင်လိုဏ်ဂူများကဲ့သို့ ထုံးကျောက်လိုဏ်ဂူအမျိုးအစားဖြစ်ပြီး ၎င်းပတယနှင့် ကလောရွှေဥမင်လိုဏ်ဂူများမှာ ကျောက်စက်တိုင်ခေါ်ထုံးရည်ကြောင့် ဖြစ်လာသော ကျောက်သားအသစ်များ ဆက်လက်မဖြစ်ထွန်းလာသော်လည်း ထန်စမ်းဂူမှာ အသက်ဝင်ဆဲ ထုံးကျောက်လိုဏ်ဂူ တစ်ခုဖြစ်ပါသည်။

သင်ကိုယ်တိုင် ပြင်ဆင် ဖြည့်စွက်ရန်

Listing Review

2020-07-17 04:33:40

Good

This is a good place

2020-07-16 22:46:00

Good place!