ထန်စမ်းရွှေတိဂုံစေတီတော်

Listing Description

ထန်စမ်းရွှေတိဂုံစေတီတော်သည် ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ထမ်စမ်းကျေးရွာ၌ တည်ရှိပါသည်။ စေတီတော်၏ ဉာဏ်တော်အမြင့်မှာ ၁၀၈ တောင်ရှိပြီး အရံစေတီ ၁၀၂ ဆူဖြင့် ဝန်းရံတည်ထားပါသည်။ ရွှေတိဂုံစေတီတော် ပုံစံတူ ထန်စမ်းရွှေတိဂုံစေတီတော်အား ဟိုပုံး ကိုရင်လေး အရှင် ပေါရိဿက ဦးစီး၍ ဒေသခံပြည်သူများ၏ လုပ် အားဒါနနှင့် ခုနစ်ရက်သားသမီးများ ၏ ကုသိုလ်ကောင်းမှုဖြင့် တည်ထားကိုးကွယ် ထားခြင်းဖြစ်ကြောင်း သိရပါသည်။ သက္ကရာဇ် ၁၃၇၃ ခုနှစ်တွင် စတင်တည်ထားခဲ့ပြီး သက္ကရာဇ် ၁၃၇၆ ခုနှစ် တပေါင်းလပြည့်နေ့တွင် ထီးတော်တင်လှူနိုင်ခဲ့ပါသည်။ စေတီတော်မြတ်ကြီး တည်ထားကိုး ကွယ် ထားသည့်နေရာ သည် ယခင်က သဲသောင်ကြီးဖြစ်ပြီး သဲသောင်ကိုဖြို၍ စေတီတော်မြတ်ကြီးကို တည် ထားခြင်းဖြစ်ပါသည်။ စေတီတော်မြတ်ကြီး၏ အနီးတွင် ထန်စမ်းလိုဏ်ဂူ ရှိသည်။