ဧရာဝတီတံတား (စင်းခန်း)

Listing Description

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာအနီး ကသာ-ဗန်းမော် မီးရထားလမ်းတွင် တည်ရှိပြီး ကားလမ်းနှင့် ရထားလမ်း နှစ်မျိုးစလုံး ပါဝင်သော တံတားအမျိုးအစားဖြစ်ပါသည်။ ၂၀၀၉ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။ တံတားအောက်ထည်မှာ သံကူကွန်ကရစ်အမျိုးအစားဖြစ်ပြီး တံတားအပေါ်ထည်မှာ သံမဏိသံပေါင်၊ ကြိုတင်အားဖြည့်ကွန်ကရစ်နှင့် သံကူကွန်ကရစ်တံတား အမျိုးအစား ဖြစ်ပါသည်။ တံတားကြီးတည်ဆောက်ရေးအတွက် အသုံးပြုသည့် သံမဏိသံပေါင်များကို မြန်မာစီးပွားရေး ကော်ပိုရေးရှင်းပိုင် မြောင်းတကာ သံမဏိစက်ရုံမှ ထုတ်လုပ်ပေးခဲ့ပါသည်။ ပင်မတံတားအရှည်မှာ ၃၂၁၅ ပေရှိပြီး ချဉ်းကပ်ကားတံတားအရှည် စုစုပေါင်း ၁၄၁၅ ပေရှိကာ ကားတံတားအရှည် စုစုပေါင်း ပေ ၄၆၃ဝ ရှိပါသည်။ ချဉ်းကပ်ရထားတံတားအရှည်မှာ စုစုပေါင်း ၂၂၉၅ ပေ ရှိပြီး ပင်မတံတားအပါအဝင် စုစုပေါင်းရထားတံတားအရှည်ပေ ၅၅၁ဝ ရှိပါသည်။ တံတားပေါ်တွင် အကျယ် ၂၈ ပေရှိ နှစ်လမ်းမောင်းကားလမ်း၊ အကျယ် ၁၄ ပေ ရှိ ရထားလမ်း နှင့် တစ်ဖက်လျှင် သုံးပေစီရှိသည့် လူသွားလမ်းများ ပါရှိသည်။ ယာဉ်တစ်စီး ခွင့်ပြုအလေးချိန်မှာ တန် ၆ဝ ဖြစ်သည်။ တံတားအောက် ရေလမ်းကင်းလွတ်နယ်မှာ အကျယ်ပေ ၃၂ဝ နှင့် အမြင့် ၄၇ ပေဖြစ်ပါသည်။

#ဧရာဝတီမြစ်ကူးတံတား (စင်းခန်းတံတား)