စင့်ကင်ဝါးတံတား

Listing Description

ကချင်ပြည်နယ် ဗန်းမော်မြို့ ရွှေကျီးနားရပ်ကွက်အနီးမှ တာပိန်မြစ်တစ်ဖက်ကမ်း စင့်ကင်ကျေးရွာသို့ ကူးသန်းသွားလာရန် တည်ဆောက်ထားသည့် ယာယီဝါးတံတား တစ်ခုဖြစ်ပါသည်။ တာပိန်မြစ်၏ တစ်ဖက်ကမ်းတွင် ကျေးရွာပေါင်း ၂၀ ကျော်တည်ရှိပြီး ဒေသခံပြည်သူ ခြောက်သောင်းကျော် အသုံးပြုလျက်ရှိသည့် အရှည် ပေ ၁၇၀၀၊ အကျယ် ၄ ပေခွဲရှိသော တံတားဖြစ်သည်။ တံတားကို ကိုယ်ထူကိုယ်ထတည်ဆောက်ခဲ့သည့် စင့်ကင်ကျေးရွာသည် အိမ်ခြေ ၅၀၀ ကျော် လူဦးရေ ၂၀၀၀ ကျော်နေထိုင်သည့် ဗန်းမော်မြို့၏တစ်ဖက်ကမ်းရှိ ရွာဖြစ်ပါသည်။ မြစ်ရေတိုးချိန်တွင် တံတားပျက်စီးသွားပြီး ကူးတို့စက်လှေများဖြင့်သာ ဖြတ်သန်းနိုင်သဖြင့် စင့်ကင်ကျေးရွာသည် တာပိန်မြစ်ကူး ကိုယ်ထူကိုယ်ထ တံတားအဖြစ် ၁၉၇၄ ခုနှစ်မှစတင်၍ ယနေ့အချိန်ထိ နှစ်စဉ် တည်ဆောက်ခဲ့ပါသည်။ ရွှေကျီးနားစေတီတော်နှင့် မနီးမဝေးတွင် တည်ရှိသည့် သာယာလှပသည့် ဝါးတံတားလေး တစ်စင်းဖြစ်ပါသည်။