သံလွင်တံတား (တာကော်)

Listing Description

သံလွင်မြစ်ကူးတံတား (တာကော်)သည် တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်အတွင်း တည်ရှိသည့် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းကို အဓိကဆက်သွယ်ပေးထားသော တံတားဖြစ်သည်။ ၁၉၆၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ တံတား၏အရှည်မှာ ပေ ၇၈၀ ရှိပြီး တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ခဲ့သည်ဟုသိရသည်။ ယခုအခါ သက်တမ်းကြာမြင့်လာ၍ ခံနိုင်ဝန်အား လျော့နည်းလာသဖြင့် ယင်းတံတားနှင့် ၇၀ ပေခန့်အကွာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ တံတားအသစ်တစ်စင်း တည်ဆောက်လျက်ရှိသည်။

#သံလွင်မြစ်ကူးတံတား (တာကော်တံတား)