စောင်းကောက်ကျွန်း

Listing Description

ကော့သောင်းမြို့မှ စောင်းကောက်ကျွန်းသို့ တစ်နာရီခွဲ ဝန်းကျင်ခန့် speed boat စီးပြီးသွားရပါသည်။ စောင်းကောက်ပုံစံ ကျွန်းလေး၏ ထူးခြားချက်မှာ နှစ်ဖက်လှ ကမ်းခြေ ရှိခြင်းပင်ဖြစ်ပါသည်။ ကမ်းခြေနှစ်ခု၏ အလယ်တွင် စားသောက်ဆိုင်လေးဖွင့်ရှိထားပါသည်။ စိမ်းညို့ညို့တောအုပ်၏ အရိပ်တွင် ထိုင်ပြီး ကျွန်း၏အလှအပများကို ခံစားခြင်းဖြင့် စိတ်ဖိစီးမှု၊ အပူသောကများ ပျောက်ကင်းစေမည် ဖြစ်ပါသည်။ ကနူးလှေတွေများကို လှော်နိုင်ပြီး ကျွန်းသေးလေးကိုပတ်လှော်လျှင် မိနစ်၄၀ခန့် အချိန်ပေးရပါမည်။ လူတရပ်ထက်မြင့်သော နှစ်တထောင်သစ်ပြားပျဉ်များကိုလည်း ကျွန်း၏ ထူးခြားသော အရာတစ်ခုအဖြစ် တွေ့မြင်နိုင်မည်ဖြစ်ပါသည်။