တရားစီရင်ရေးဟော်

Listing Description

ရှမ်းပြည်နယ် မိုးမိတ်မြို့ ဟော်နန်းရပ်ကွက်တွင် တည်ရှိသည့် တရားစီရင်ရေးဟော်သည် နှစ်ပေါင်း ၁၃၀ ကျော်သက်တမ်းရှိသည့် ရှေးဟောင်းအဆောက်အဦး တစ်ခုဖြစ်သည်။ ထိုတရားစီရင်ရေးဟော်ကို ခွန်မင်းဆက်လက်ထက် စော်ဘွားစပ်ခွန်မုံမှ ၁၂၄၅ ခုနှစ်တွင် မိုးမိတ်မြို့ကို စနစ်တကျ စီမံအုပ်ချုပ်နိုင်ရန်ရည်ရွယ်၍ တည်ဆောက်ခဲ့ကြောင်း သိရပါသည်။ မိုးမိတ်မြို့တွင် စော်ဘွား ၅ ဆက်အုပ်ချုပ်ခဲ့ပြီး ၎င်းတို့နေထိုင်ခဲ့ရာ ဟော်နန်းမှာ ယခုအခါ မီးလောင်ပျက်စီးသွားခဲ့သဖြင့် ထိုပျက်စီးသွားသော ဟော်နန်းအတွင်းမှ စော်ဘွားများ၏ အသုံးအဆောင်ပစ္စည်းများကို မိုးမိတ်မြို့ရှိ ပုပ္ဗာရုံ ဘုန်းကြီးကျောင်းတွင် ထိန်းသိမ်းပြသထားပါသည်။ ယခုအခါ ၎င်းတရားစီရင်ရေးဟော် တစ်ခုသာ သမိုင်းအမွေအနှစ်တစ်ခုအဖြစ် ကျန်ရှိလျက်ရှိပါသည်။