ကျောက်ဆူးငြိစေတီတော်

Listing Description

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ ကညင်ကုန်းကျေးရွာတွင် တည်ရှိသည်။ စေတီတော်သမိုင်းရာဇဝင်အရ တဖုဿနှင့် ဘလ္လိက ညီနောင်တို့သည် မြတ်စွာဘုရားရှင် ချီးမြှင့်သော ဆံတော် ၈ ဆူကို ပင့်ဆောင်၍ ပြန်လာခဲ့ရာ ကွမ်းခြံကုန်းပင်လယ်ဝ (ယခု ကညင်ကုန်းကျေးရွာ) တွင် သင်္ဘောကိုကျောက်ချရပ်နားပြီး ပြန်အထွက်၌ ကျွန်းစောင့်နတ်များက သင်္ဘောထွက်မရအောင် ကျောက်ဆူးငြိအောင်လုပ်ထားသဖြင့် တစ်ညရပ်နားပြီး အပူဇော်ခံမှ ဆက်လက်ထွက်ခွာ၍ရသည်ဟု ဆိုပါသည်။ မြန်မာသက္ကရာဇ် ၁၂၆၂ ခုနှစ်တွင် ဦးဖိုးစို+ဒေါ်ညိုတို့က ကုန်းတော်ကိုရှင်းလင်း၍ စေတီတော်ကို အသစ်တည်ထားခဲ့သည်။ စေတီတော်၏ ဉာဏ်တော်အမြင့်မှာ ၈၆ တောင်ရှိသည်။