သိမ်အင်းဘုရား

Listing Description

ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၂၁)၊ မိုးကြိုးပစ်စံပြအုပ်စု၊ သိမ်အင်းကျေးရွာတွင် တည်ရှိသည်။ သိမ်အင်းကျေးရွာတွင် တည်ရှိသဖြင့် သိမ်အင်းဘုရားဟု အလွယ်တကူခေါ်တွင်ကြပြီး ဘွဲ့တော်မှာ "ရာဇာဓိရာဇတိလောကာဓိပတိ၊ မဟာအောင်ကံထူးဆုတောင်းပြည့်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး" ဖြစ်ပါသည်။ ဘုရားကြီးကို မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် စကျင်‌ကျောက်တောင်မှ ရရှိသော စကျင်ကျောက်တစ်လုံးတည်းဖြင့် ထုဆစ်ခဲ့ပြီး ဉာဏ်တော် ၂၁ ပေ၊ တန်ချိန် ၄၆ တန်ရှိသည်။ မူလက ဘုရားကြီးကို တရုတ်နိုင်ငံ၊ ရွှေလီမြို့သို့ပင့်ဆောင်ရာ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် မန္တလေး – ပြင်ဦးလွင်အတက်လမ်း မိုင်တိုင်အမှတ် (၁၉/၅) မိုင်ကွေ့တွင် မြေခခဲ့ရပြီး ဆင်းတုတော်ကြီး၏ ဦးခေါင်းတော်ကျိုးပျက်ခဲ့သည်။ ထို့ကြောင့် ဦးခေါင်းတော်ကို ကျွမ်းကျင်ပညာရှင်များနှင့် ပြန်ဆက်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် သိမ်အင်းကျေးရွာသို့ ပင့်ဆောင်ပူဇော်နိုင်ခဲ့ရာ ယခုအခါ ဆင်းတုတော်ကြီးအား ကြည်ညိုဖွယ် ဖူးမြော်နိုင်ပါသည်။