သောတာပန်ဘုန်းတော်ကြီးကျောင်း

Listing Description

ကုန်းဘောင်ခေတ် ဘကြီးတော် (စစ်ကိုင်းမင်း)၏ မိဖုရားခေါင်ကြီး နန်းမတော်မယ်နု ကောင်းမှုဖြစ်သော သောတာပန်ရွှေကျောင်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့မှ အနောက်မြောက်ဘက် လေးမိုင်အကွာ၊ ဖလံခုံစံပြကျေးရွာတွင် တည်ရှိပါသည်။ ကျောင်းတော်ကြီးကို ကျွန်းလုံးတိုင်ကြီးများဖြင့် တည်ဆောက်ထားပြီး ကျောင်းတော်ကြီးပေါ်၌ နန်းမတော်မယ်နု၏ ပုံတော်များ၊ ဗုဒ္ဓါသန ဓမ္မပလ္လင်တော်ကြီး၊ နှစ်ပေါင်းရာချီသက်တမ်းရှိသော ဆွမ်းအုပ်တော်ကြီး၊ ရှေးတရားဟောပလ္လင်တော်ကြီး စသည်တို့ကို တွေ့မြင်လေ့လာနိုင်ပါသည်။