မြန်မာကလပ်များ ယှဉ်ပြိုင်ခွင့်ရထားသည့် အာရှချန်ပီယံလိဂ်နှင့် AFC Cup ပြိုင်ပွဲကို ပုံမှန်အတိုင်းကျင်းပမည်ဟု AFC ထုတ်ပြန်

15-Nov-2020

ရန်ကုန်   နိုဝင်ဘာ   ၁၄

မြန်မာကလပ်အသင်းများ ယှဉ်ပြိုင်ခွင့်ရထားသည့် အာရှအဆင့် ကလပ်ပြိုင်ပွဲနှစ်ခုဖြစ်သည့် အာရှချန်ပီယံလိဂ်နှင့် AFC Cup ပြိုင်ပွဲတို့ကို လာမည့်နှစ်တွင်   ပုံမှန်အတိုင်း ကျင်းပမည် ဖြစ်ကြောင်း အာရှဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာခဲ့သည်။

ယှဉ်ပြိုင်ခွင့်ရထား

ယင်းပြိုင်ပွဲနှစ်ခုတွင်  မြန်မာကလပ် နှစ်သင်း  ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရထားပြီး ၂၀၂၀  ရာသီ MNL အမှတ်ပေးပြိုင်ပွဲချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲနှင့် AFC Cup ပြိုင်ပွဲ အုပ်စု အဆင့်၊  ၂၀၂၀  ရာသီ  MNL  အမှတ်ပေးပြိုင်ပွဲ ဒုတိယဆုရ ဟံသာဝတီအသင်းက AFC Cup ပြိုင်ပွဲ ခြေစစ်ပွဲအဆင့်တို့မှ ကစားရမည်ဖြစ် သည်။  မြန်မာကလပ်အသင်းများသည် AFC Cup ပြိုင်ပွဲတွင် ၂၀၁၂ ခုနှစ် အာရှချန်ပီယံလိဂ် ခြေစစ်ပွဲတွင်  ၂၀၁၅  ခုနှစ်မှစ၍  ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။ ဟံသာဝတီအသင်းသည် အာရှအဆင့်ကလပ်ပြိုင်ပွဲတွင် ပထမဆုံး ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး  ရှမ်းယူနိုက်တက် အသင်းမှာမူ အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲ တွင် သုံးကြိမ်မြောက်နှင့် AFC Cup ပြိုင်ပွဲတွင် လေးကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ၂၀၁၉ အာရှချန်ပီယံလိဂ်ပြိုင်ပွဲတွင် အကြိုခြေစစ်ပွဲ ပထမအဆင့်မှ ထွက်ခဲ့ရပြီး ၂၀၁၉ AFC Cup ပြိုင်ပွဲတွင်မူ ရှမ်းယူနိုက်တက်နှင့် ရန်ကုန် အသင်းတို့ယှဉ်ပြိုင်ခဲ့သော်လည်း အုပ်စုအဆင့် ပထမအကျော့အပြီးတွင် ကပ်ရောဂါကြောင့် ပြိုင်ပွဲဖျက်သိမ်းခဲ့ရခြင်းဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် ကလပ်ပြိုင်ပွဲဖြစ်သည့် အာရှချန်ပီယံလိဂ်နှင့်  AFC Cup  ပြိုင်ပွဲတို့ကို လာမည့်နှစ်တွင် ပုံမှန်အတိုင်း ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသော် လည်း ကျင်းပမည့်ကာလကိုမူ ထပ်မံထုတ်ပြန် မည်ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် ပြီးခဲ့သည့်  နှစ်များတွင်  ပြိုင်ပွဲနှစ်ခုစလုံး၏ ခြေစစ်ပွဲကို  ဇန်နဝါရီလနှင့်  အုပ်စုပွဲစဉ်များကို ဖေဖော်ဝါရီလတွင်  စတင်ကျင်းပလျက်ရှိသည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် ကိုဗစ်-၁၉ ရောဂါ အခြေအနေအပေါ်မူတည်၍ လာမည့်နှစ် အာရှ ချန်ပီယံလိဂ် ပြိုင်ပွဲနှင့် AFC Cup ပြိုင်ပွဲကျင်းပ မည့်ကာလကို ထပ်မံထုတ်ပြန်မည်ဖြစ်ပြီး ခြေစစ်ပွဲများကျင်းပပြီးပါက  အုပ်စုအဆင့်နှင့်  ရှုံးထွက်အဆင့်ပွဲစဉ်များ ဆက်လက်ကျင်းပ ရမည်ဖြစ်သည်။ ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါ ကြောင့် AFC Cup ပြိုင်ပွဲကို ဖျက်သိမ်းခဲ့ရပြီး အာရှချန်ပီယံလိဂ်ပြိုင်ပွဲကိုမူ   နှစ်ကုန်ပိုင်းတွင်  ပြန်လည် ကျင်းပလျက်ရှိသည်။

သတင်း - ရှိုင်းထက်ဇော်၊

ဓာတ်ပုံ - ဘုန်းသော်