မီးလောင်မှုကြောင့် ဆိုင်ခန်း(၃)ခန်းမီးလောင်ကျွမ်းပျက်ဆီးရာ မီးပေါ့ဆသူအား အရေးယူ

14-Nov-2020

ပဲခူး နိုဝင်ဘာ ၁၃

ပဲခူးမြို့၌ နိုဝင်ဘာ ၁၂ ရက် ညနေ ၅ နာရီခန့်က ရပ်ကွက်ကြီး(၇) ဗိုလ်ချုပ်အောင်ဆန်းလမ်းသွယ်နှင့် ဗိုလ်တေဇလမ်းရှိ ဆိုင်ခန်း(၃)ခန်းမီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းရရှိသောကြောင့် ပဲခူးခရိုင်/မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဥ်များဖြင့်အချိန်မီ ငြိမ်းသတ်ခဲ့ကြောင်းသိရသည်။

ဖြစ်စဥ်မှာ ဆိုင်ခန်းများနှင့်တွဲလျှက်ရှိသော ပရိဘောဂဆိုင်မှ ပရိဘောဂပစ္စည်းများဆေးအခြောက်ခံရာတွင် အသုံးပြုသော ဟေလိုဂျင်ကျူ့မီးချောင်းအပူလွန်ကဲရာမှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး အဆိုပါလောင်ကျွမ်းမှုကြောင့် ၂၅ပေ×၂၅ပေ သွပ်မိုး၊အုတ်ကာ မြေစိုက်ဆိုင်ခန်း(၂)ခန်းအားမီးကူးဆက်လောင်ကျွမ်းပျက်ဆီးသွားကာ ကျပ်သိန်း(၃၀)ခန့် ဆုံးရှုံးသွားသောကြောင့် မီးအားပေါ့ဆစွာ သုံးစွဲသူ ပရိဘောဂဆိုင်မှ ဦးအောင်လွင်အား အမှုဖွင့်အရေးယူထားကြောင်း

သိရသည်။

ဟိန်းထက်(ပဲခူး)