စစ်မှုထမ်းဟောင်းများနေ့ အခမ်းအနား Donald Trump နဲ့ Joe Biden သီးခြား ၂ နေရာမှာ တက်ရောက်

12-Nov-2020

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝါရှင်တန်ဒီစီမြို့အနားက Arlington အမျိုးသား စစ်သင်္ချိုင်းကို သွားရောက်ပြီး ဗုဒ္ဓဟူးနေ့မှာ ကျရောက်တဲ့ Veterans Day လို့ ခေါ်တဲ့ စစ်မှုထမ်းဟောင်းတွေကို ဂုဏ်ပြုတဲ့နေ့အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

ဒီကနေ့ စစ်မှုထမ်းဟောင်းနေ့မှာ အလုပ်တွေ ခေတ္တရပ်နားပြီး စစ်မှုထမ်းဟောင်းတွေကို ကျွန်တော်တို့ ဂုဏ်ပြု ကြရပါတယ်လို့လည်း ရုံးပိတ်ရက်အဖြစ် ကြေညာချက် ထုတ်ပြန်စာမှာ သမ္မတ ထရမ့်က ရေးသားထားပါတယ်။

စစ်မှုထမ်းဟောင်းကြီးတွေကြောင့် ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ လွတ်လပ်မှုကို ခံစားနေကြရတာ ဖြစ်ပြီး သူတို့ ရဲ့ ကျေးဇူးတွေ ကျွန်တော်တို့အပေါ် ထာဝရ တင်ရှိနေပါတယ်လို့လည်း သမ္မတ ထရမ့်ရဲ့ ထုတ်ပြန်စာမှာ ပါရှိပါတယ်။

ပြီးခဲ့တဲ့ အပတ် ရွေးကောက်ပွဲမှာ အနိုင်ရသူအဖြစ် သတ်မှတ်ခံထားရသူ Joe Biden ကတော့ ပန်ဆဲလ်ဗေးနီးယားပြည်နယ်၊Philadelphia မြို့က ကိုရီးယား စစ်ပွဲ အထိမ်းအမှတ် စစ်သင်္ချိုင်းကို သွားရောက်ပြီး စစ်မှုထမ်းဟောင်းများနေ့ အခမ်းအနားကို တက်ရောက် ဂုဏ်ပြု ခဲ့ပါတယ်။

ဂုဏ်ယူဖွယ်ရာ စစ်မှုထမ်းဟောင်းတွေရဲ့ လေးစားစဖွယ် စွန့်လွှတ်စွန့်စားမှုတွေကို အသိအမှတ်ပြု လေးစားမယ့် ကာကွယ်ရေး ဦးစီးချုပ် ကျွန်တော်ဖြစ်လာတော့မှာပါ။ ခင်ဗျားတို့ ထမ်းဆောင်နေတဲ့ တာဝန်တွေအပေါ် သိရှိနားလည်ပါတယ်လို့ Joe Biden က တွစ်တာမှာ ရေးသား ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ကျရောက်တဲ့ Veterans Day စစ်မှုထမ်းဟောင်းများ နေ့ မတိုင်မီမှာတော့ သမ္မတ ထရမ့်က စစ်မှုထမ်းတွေ အားလုံးနဲ့ ရွှေကြယ်သူရဲကောင်းဂုဏ်ပြုဘွဲ့တံဆိပ်ရသူတွေရဲ့မိသားစုတွေ အားလုံးအမေရိကန်က အမျိုးသားဥယျာဉ်ပန်းခြံကြီးတွေကို တစ်သက် တာ အခမဲ့ ဝင်ခွင့်ပြု တဲ့ အမိန့်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Crd VOA News