မန္တလေးမှာ မီးသတ်ဖို့သွားတဲ့ မီးသတ်ကားနှစ်စီးတိုက်မိ

08-Dec-2020

မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ ၂၃ လမ်း၊ ၈၂ လမ်းနဲ့ ၈၃ လမ်းကြားမှာ ဒီနေ့  ဒီဇင်ဘာလ ၈ ရက်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အဲဒီမီးလောင်ပြင်ဆီ မီးငြှိမ်းသတ်ဖို့ သွားတဲ့မီးသတ်ကားနှစ်စီးဟာ ၂၂ လမ်းနဲ့ ၈၁ လမ်းထောင့်မှာ တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ 

အဲဒီယာဉ်တိုက်မှုကြောင့် မီးသတ်သမားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ငါးဦးကို မန္တလေးပြည်သူ့ ဆေးရုံကြီးကိုပို့ဆောင်ကုသပေးထားပါတယ်။ 

ဘီဘီစီမြန်မာပိုင်း

ဓာတ်ပုံ-Myo Thiha Kyaw/MPA

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။