အမေရိကန် ကဗျာဆရာ Louise Glück စာပေဆိုင်ရာနိုဘယ်ဆုရ

08-Oct-2020

ဒီနှစ် ၂၀၂၀ ပြည့်နှစ်အတွက် စာပေဆိုင်ရာနိုဘယ်ဆုကို အမေရိကန်ကဗျာဆရာ Louise Gluck ကို သူမရဲ့ လူတစ်ဦးချင်းတည်ရှိမှုအပေါ် အမှားအယွင်းမဲ့ လှပတဲ့ ကဗျာဖွင့်ဟမှုအတွက် ပေးအပ်လိုက်ပါတယ်။

ဆွီဒင်သိပ္ပံအကယ်ဒမီက အမြဲတမ်းအတွင်းဝန် Mats Malm က ခုလိုပေးအပ်လိုက်ကြောင်း Stockholm မြို့ကနေ ကြေညာလိုက်တာပါ။

ဒီကမ္ဘာ့အကြီးမြတ်ဆုံး စာပေဆုကြီးပေးအပ်မှုအပေါ် နှစ်ပေါင်းများစွာ အငြင်းပွားမှုတွေ၊ အလွဲသုံးစားမှုတွေကြုံခဲ့အပြီး အခုလိုပေးအပ်နိုင်တာပါ။

၂၀၁၈ ခုနှစ်တုန်းကတော့ ဒီဆုကိုရွေးချယ်တဲ့ ဆွီဒင်အကယ်ဒမီအဖွဲ့မှာ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှု ရှိခဲ့တယ်လို့ စွပ်စွဲမှုတွေဖြစ်ခဲ့ပြီး၊ အဖွဲ့ဝင်အတော်များများ နုတ်ထွက်ခဲ့တာကြောင့် ဒီဆုကို မပေးဘဲ ဆိုင်းငံထားခဲ့ရပါတယ်။

ဒါပေမဲ့ ဒီအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး၊ နိုဘယ်ဖောင်ဒေးရှင်းအဖွဲ့ရဲ့ ယုံကြည်မှု ပြန်ရလာအပြီး မနှစ်ကတော့ ၂၀၁၉ မှာတော့ စာပေနိုဘယ်ဆုဆွတ်ခူးသူ ၂ ဦးကို ကြေညာနိုင်ခဲ့ပါတယ်။

ဒါကြောင့် ၂၀၁၈ ခုနှစ် စာပေနိုဘယ်ဆုကို ပိုလန်က Olga Tokarczuk နဲ့ ၂၀၁၉ ဆုကို Austria က Peter Handke တို့ကို ပေးအပ်ခဲ့ပါတယ်။

Crd VOA