အင်းစိန်မှာ မဲစာရင်းနဲ့ဆက်စပ်ပြီးဆန္ဒထုတ်ဖော်သူတွေထဲက တဦးထိန်းသိမ်းခံရ

19-Jan-2021

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် အင်းစိန်ဖြို့နယ် ရွာမရပ်ကွက်ရှိ အစိုးရစက်မှု လက်မှုသိပ္ပံ (GTI)ကျောင်းရှေ့မှာ မဲကိစ္စတွေနဲ့ပက်သက်တဲ့ကိစ္စတွေကို ဆန္ဒပြတဲ့ လူ၁၅ဦးခန့်ကို အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှ တား‌ဆီးခဲ့ပြီး ‌ဦးဆောင်သူတစ်ဦးကို ထိန်းသိမ်းသွားကြောင်းသိရပါတယ်။

"ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြတဲ့ လူတွေကိုတား‌ဆီးခဲ့ပါတယ်။ သူတို့ထဲကမှ ဦးသိန်းဦးကို လောလောဆယ်မှာထိန်းသိမ်းထားပါတယ်။ အမှုဖွင့်ဖို့ပြုလုပ်နေပါတယ်" ဟုအင်းစိန်မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကအတည်ပြုပြောကြားခဲ့ပါတယ်။

၂၀၂၀ရွေးကောက်ပွဲပြီးအချိန်ကစပြီး ရွေးကောက်ပွဲအငြင်းပွားမှုများကိစ္စ မြန်မာ့တပ်မတော်ကိုထောက်ခံတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတိုင်းနဲ့ပြည်နယ်တွေကမြို့နယ် အချို့မှာ ပြုလုပ်လာတာကိုလည်း တွေ့ရပါတယ်။

ဘီဘီစီမြန်မာပိုင်း

Photo - Myo Min Soe / MPA