သမ္မတဟောင်း ဦးသိန်းစိန် မိသားစု ကြိုတင်မဲပေး

06-Nov-2020

သမ္မတဟောင်း ဦးသိန်းစိန်နဲ့ ဇနီး ဒေါ်ခင်ခင်ဝင်း မိသားစုဟာ ဒီနေ့ နိုဝင်ဘာ ၆ ရက်မနက် ၉ နာရီခွဲက  နေပြည်တော်၊ ခြောက်လုံးတန်းအိမ်ယာမှာရှိတဲ့ A4 ခြံဝမှာ ကြိုတင်ဆန္ဒမဲ ထွက်ပေးခဲ့ကြပါတယ်။

ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာ မဲရုံ (၂) က ဒီကြိုတင်ဆန္ဒမဲတွေကို ကောက်ယူပေးခဲ့ကြတာပါ။

အသက် (၇၀) ကျော်နေပြီဖြစ်တဲ့ သမ္မတဟောင်း ဦးသိန်းစိန်အပြင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသားစုလည်း ဒီနေ့ ကြိုတင်မဲပေးဖို့ရှိကြောင်း သိရပါတယ်။

ဘီဘီစီမြန်မာပိုင်း

ဓာတ်ပုံ-Hein Htet

အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစု ကြိုတင်မဲပေး

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကြိုတင်မဲပေး

ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းလည်း ကြိုတင်မဲပေး