ကြိုတင်မဲတွေထပ်ရောက်လို့ USDP ဥက္ကဋ္ဌ နိုင်တယ်ဆိုတဲ့ ဝေဖန်ချက်ကို UEC ငြင်း

09-Nov-2020

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း နေရာအတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဋ္ဌ ဦးသန်းဌေးက ရွေးကောက်ပွဲ အနိုင်ရရှိ သွားပါတယ်။

မဲရလဒ်တွေကို ရေတွက်နေစဉ် ညပိုင်းမှာ တပ်ကြိုတင်မဲ သုံးထောင်ကျော် ထပ်မံ ရောက်ရှိလာတဲ့အတွက် ဦးသန်းဌေးအနိုင်ရခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေဟာ မဟုတ်မှန်ပဲ မူလကတည်းက ရောက်ရှိထားတဲ့  ကြိုတင်မဲတွေသာဖြစ်တယ်လို့ ဇေယျာသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောပါတယ်။

Crd RFA

ဇေယျာသီရိမှာ USDP ဥက္ကဋ္ဌ နိုင်တယ်လို့ ကော်မရှင်အတည်ပြု

ပုဗ္ဗသီရိမှာ NLD အနိုင်ရတယ်လို့ မြို့နယ်ကော်မရှင် အတည်ပြု