ဇင်သန့်

Listing Description

စာရေးဆရာ ဇင်သန့်ကို ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၌ ၁၉၄၆ ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် အဖ ဦးအေးမောင်၊ အမ ဒေါ်သိန်းတန်တို့က မွေးဖွားသည်။

အသက် ၄ နှစ် အရွယ်တွင် မိဘများနှင့် အတူ ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး ရန်ကုန်မြို့တွင်ပင် ပညာ သင်ကြားခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် တန်းမြင့် ကျောင်းထွက် စာမေးပွဲ အောင်မြင်ပြီး၊ ၁၉၇ဝ ပြည့်နှစ်တွင် တက္ကသိုလ် ဝင်တန်း စာမေးပွဲ အောင်မြင်ခဲ့သည်။

၁၉၇၂ ခုနှစ်၊ လုပ်သားများ ကောလိပ်တွင် ရူပဗေဒ အဓိကဖြင့် ပညာ သင်ကြားခဲ့ပြီး၊ ၁၉၇၆ ခုနှစ်တွင် သိပ္ပံဘွဲ့ကို ရရှိခဲ့သည်။

၁၉၉ဝ ပြည့်နှစ်မှ ၁၉၉၁ ခုနှစ်အထိ ဓန စီးပွားရေး မဂ္ဂဇင်းတွင် အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ၁၉၉၁ ခုနှစ်မှ စ၍ စာပေ ရေးသားခြင်း တခုတည်းကိုသာ ဇောက်ချ လုပ်ကိုင်ခဲ့သည်။

လက်ရှိတွင် အခါအားလျော်စွာ မဂ္ဂဇင်းများ၌ ဝတ္ထု၊ ဆောင်းပါးများ ရေးသားလျက်ရှိပြီး ဘာသာပြန် လုံးချင်းဝတ္ထု၊ စီးပွားရေး၊ အောင်မြင်ရေး၊ တက်ကျမ်းစာအုပ်များ ရေးသားလျက်ရှိသည်။

စာရေးသူ အနှစ်သက်ဆုံး တက်ကျမ်း စာအုပ်မှာ "အကြံကောင်းတော့ တချက်" ဖြစ်ပြီး၊ အကြိုက်ဆုံး အတ္ထုပ္ပတ္တိ စာအုပ်မှာ "ဒိုက်ဦးမှ စင်ကာပူသို့" စာအုပ် ဖြစ်သည်။