ရွှေဥမင်စေတီတော်

Listing Description

ရှေးဟောင်းသမိုင်းဝင် ရွှေဥမင်စေတီတော်သည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဝဲလောင်ကျေးရွာတွင် တည်ရှိပါသည်။ ရွှေဥမင်စေတီတော်ကြီးကို ၈၀ စတုရန်းပေ ကျယ်ဝန်းပြီး အမြင့် ၁၃ ပေခန့်ရှိသော ကုန်းတော်ကြီးပေါ်တွင် ဖူးတွေ့နိုင်ပါသည်။ ပုဂံခေတ် အလောင်းစည်သူမင်းကြီး တည်ထားခဲ့သည်ဟု လက်ဆင့်ကမ်းမှတ်သားခဲ့သော သမိုင်းဝင် ရွှေဥမင်စေတီတော်ကြီးမှာ ၁၃၆၈ ခုနှစ်တွင် ပေါ်တော်မူလာသည့် ညောင်ရမ်းခေတ်လက်ရာ ဉာဏ်တော်အမြင့် ပလ္လင်အပါအဝင် ၈ ပေခန့်ရှိသော ဆင်းတုတော်ကြီးကို ဖူးတွေ့ရချိန်မှစ၍ ညောင်ရမ်းခေတ်ထက်နောက်မကျသော စေတီတော်ကြီးဖြစ်ကြောင်း သတ်မှတ်ရပါသည်။ ပေါ်တော်မူ(နှစ်ထပ်) ဘုရားဟု ဘွဲ့တော်ဖြစ်ပေါ်လာသည့် ရွှေဥမင်စေတီတော်ကြီးနှင့်ကပ်လျက် သီတင်းသုံးနေသော မူလဆင်းတုတော်ကြီးမှာ သက္ကရာဇ် ၁၃၆၈ ခု၊ တော်သလင်းလပြည့်ကျော် ၃ ရက်နေ့တွင် ဂန္ဓကုဋိတိုက်အတွင်းတွင် မူလပထမဆရာတော် ဦးမေဓာဝီပင်သိရှိပုံမရသော ရှေးဟာင်းဆင်းတုတော်ကိုရွှေသင်္ကန်းကပ်လှူရန် ဝဲလောင်ကျေးရွာနေ ဦးလှငွေမိသားစု၏ ဆန္ဒအရ ဆရာတော် ဦးဓမ္မဝံသသည် ဂန္ဓကုဋီတိုက်ကို ဖယ်ရှားရာမှ ဌာပနာပိတ်ထားသော ဆင်းတုတော်ကြီးသည် ကြည်ညိုဖွယ်ရာ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ ရွှေဥမင်ဘုရားကြီးသည် ၁၃၆၈ ခုနှစ်တွင် ပေါ်တော်မူခဲ့သော နှစ်ထပ်ဘုရားကြီးများကို အကြောင်းပြု၍ ခန့်မှန်းညောင်ရမ်းခေတ်လက်ရာဟု အသိအမှတ်ပြုကာ ကျောက်ကာရွာခြေကျောင်း (ယခုအထကနေရာ) ဆရာတော်အဆက်ဆက်က ထိန်းသိမ်းစောင့်ရှောက်ပြီး ၁၂၇၁ ခုနှစ်မှစ၍ နိုင်ငံတော် ဂေဇက်ဝင်ပွဲတော်ကြီးကို နှစ်စဉ် တပို့တွဲလတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပါသည်။