စပ်လဲရေတံခွန်

Listing Description

စပ်လဲရေတံခွန်သည် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ကျောက်ကြီးမြို့နှင့် ၃ မိုင်ခန့်အကွာတွင် တည်ရှိပါသည်။ ရန်ကုန်-မန္တလေး လမ်းမဟောင်းပေါ်ရှိ ပဲနွယ်ကုန်းမြို့မှ အရှေ့ဘက်ရှိ ကျောက်ကြီးမြို့သို့ ၁၇ မိုင်ခန့်ကွာဝေးပါသည်။  သဘာဝအတိုင်းတည်ရှိနေသော ရေတံခွန်ဖြစ်ပြီး ရေစီးဆင်းနေသောကျောက်ဆောင်မှာ ပေ ၂၀ ခန့်ရှိပါသည်။ စပ်လဲရေတံခွန်မှ ၆ မိုင်ခန့်အကွာတွင်ရှိသော ဒေသအခေါ် ကျောက်မဲတောင် ရေတံခွန်(ကရင်အမည်)သဲသောမူ သဲသောခွား (မြန်မာအမည်)မောင်နှံ ရေတံခွန်သို့ သွားရောက်လည်ပတ်အပန်းဖြေနိုင်ပါသည်။