သိမ္မစည်းဘုရား

Listing Description

သိမ္မစည်းဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံ၊ အနော်ရထာလမ်းမအနီး၊ လောကဥသျှောင်ဘုရား၏ မြောက်ဘက်အနီး၌ တည်ရှိပါသည်။ သိမ္မစည်းဘုရားသည် ကွမ်းတောင်ပေါက်တစ်ထပ်ဂူဘုရားလတ်ဖြစ်ပြီး အရှေ့ဘက်မျက်နှာမူ တည်ထားသည်။ ဂူဘုရားလတ်တစ်ဆူဖြစ်သောကြောင့် သိမ္မစည်းဘုရားမှာ အတန်ငယ်ကျယ်ပြန့်၍ ပန်းချီအတွက် နေရာပေးအချိန်ယူ ရေးဆွဲထားပုံများကို တွေ့ရသည်။ ဗုဒ္ဓဝင်ခန်းများ၊ ငါးရာ့ငါးဆယ်ဇာတ်ကွက်များ၊ အမိုးမျက်နှာကြက်ပန်းဒီဇိုင်းများနှင့် အာရုံခံလေးဘက် အမိုးခြေတော်ရာအစုံနှင့် ပန်းဝိုင်းများ ကနုတ်ကြားညှပ်နတ်သားတို့ ရှိခိုးပူဇော်နေကြပုံများကို အနုစိတ်အသေးစိတ် ရေးခြယ်ထားသည်ကို လေ့လာနိုင်ပါသည်။