ရပ်တော်မူဗျာဒိတ်ပေးဘုရား (မန္တလေးတောင်)

Listing Description

ရပ်တော်မူဗျာဒိတ်ပေးဘုရားသည် မန္တလေးမြို့မြောက်ဘက် မန္တလေးတောင်ပေါ်တွင် တည်ရှိပါသည်။ သက္ကရာဇ် ၁၂၂၁ ခု မင်းတုန်းမင်းတရားကြီးသည် ဗျာဒိတ်ပေးဘုရား နှင့် ညီတော်အာနန္ဒာပုံတော်တို့ကို ရွှေပိန်းချပြီး သစ်သားတန်ဆောင်း၊ ပြာသာဒ်တော်တို့နှင့်တကွ မန္တလေးတောင်ပေါ် ယခုနေရာ၌ ထုလုပ်တည်ထား ကိုးကွယ်ခဲ့သည်။ မင်းတုန်မင်းတရားကြီး ထုလုပ်ကိုးကွယ်ခဲ့သော ဗျာဒိတ်ပေးဘုရားသည် ၁၂၄၅ ခုနှစ်က မီးခ၍ ပျက်စီးခဲ့သဖြင့် ဆရာတော် ဦးနန္ဒိယက ၁၂၆၃ ခုနှစ်တွင် အသစ်တဖန် ထုလုပ်ပူဇော်ခဲ့ပါသည်။ ယနေ့ဖူးတွေ့ရသောဗျာဒိတ်ပေးဘုရားသည် ဆရာတော်ဦးနန္ဒိယ ထုလုပ်ပူဇော်ခဲ့သောဘုရားဖြစ်သည်။ ဂန္ဓကုဋိတိုက်တော်ကြီးကို ရသေ့ကြီးဦးခန္တီက တည်ဆောက်ခဲ့ပါသည်။