မြသာလျောင်းဘုရား

Listing Description

မြသာလျောင်းသည် ပဲခူးမြို့ အနောက်ဖက် မဇင်းရပ်ကွက်တွင် တည်ရှိသော ရွှေသာလျောင်းရုပ်ပွားတော်ကြီး၏ ခေါင်းရင်းဘက်အနီးတွင် တည်ရှိပါသည်။ ဉာဏ်တော်အလျား ၂၇၀ ပေနဲ့အမြင့် ၆၃ပေ ရှိသော မြသာလျောင်းသည် ရွှေသာလျောင်း ရုပ်ပွားတော်ထက် အရွယ်အစားပိုမိုကြီးမားသဖြင့် ရသေ့ကြီး ဦးခန္တီက နောင်တော်ကြီးဟု ဘွဲ့မည်ပေးခဲ့ပါသည်။ မူလ ကုန်းတော်ဟောင်း တေခလို(ဒေးခလွန်)ကုန်းမြေပေါ်တွင် အသစ်ပြန်လည်ထုလုပ်ထားသည့် ရုပ်ပွားတော်ကြီးဖြစ်ပြီး မြန်မာ့စတုတ္ထမြောက်အကြီးဆုံး လျောင်းတော်မူရုပ်ပွားတော် ဖြစ်ပါသည်။ ဟံသာဝတီပထမမင်းဆက်များမှ စတင်တည်ထားခဲ့သည်ဟု သမိုင်းမှတ်တမ်းများ အရသိရပါသည်။