တခြမ်းပဲ့ဗလီ

Listing Description

တခြမ်းပဲ့ဗလီသည် အမှတ် ၃၅၊ ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်းတွင် တည်ရှိသည်။ အင်္ဂလိပ် - မြန်မာ ပထမစစ်ပွဲ (အေဒီ ၁၈၂၆) ပြီးဆုံးပြီးနောက် စစ်ရပ်စဲရေးအတွက် ချူပ်ဆိုခဲ့သည့် ရန္တပိုစာချုပ် ချုပ်ဆိုအပြီးတွင် ဘကြီးတော်မင်းတရားကြီးက မိမိ၏ သစ္စာတော်ခံတပ်သားများကို ဆုလဒ်များပေးခဲ့ရာ တပ်ဗိုလ်မှူးများဖြစ်သော ဦးရွှေသိုင်း နှင့် ဦးရွှေမှိုင်း ညီအစ်ကိုနှစ်ဦးက ကျွန်တော်မျိုးတို့သည် အစ္စလာမ်ဘာသာဝင်များ ဖြစ်သည့်အလျောက် ခေါင်းချရန် (ဝါ) ဝတ်တက်ရန် နေရာပေးတော်မူပါရန် သံတော်ဦးတင်ခဲ့သဖြင့် ဘကြီးတော်မင်းက လက်ရှိအောင်ဆန်းကွင်းအနီးနေရာတွင် မြေနေရာလှူဒါန်းခဲ့သည့် ပေစာမှတ်တမ်းရှိခဲ့ပါသည်။ ၁၈၅၂ ခုနှစ် ဒုတိယအင်္ဂလိပ်-မြန်မာ စစ်ပွဲတွင် မြန်မာတို့ ရှုံးနိမ့်ခဲ့ပြီး ဗြိတိသျှတို့ သိမ်းပိုက်ခဲ့သည့် အောက်မြန်မာပြည်မြို့တော် ရန်ကုန်တွင် စစ်ဗိုလ် 'ဆာအာသာဖယ်ယာ' က လမ်းဖောက်ခဲ့ရာ လမ်းနှင့်မလွတ်၍ ဖဲ့ချခဲ့ရသဖြင့် တစ်ခြမ်းပဲ့ဗလီဟု တွင်ခဲ့သည်။ ယနေ့ခေတ်ကာလတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်သော ရန်ကုန်မြို့ ရှေးဟောင်းအမွေအနှစ်စာရင်းဝင် အဆောက်အဦးတစ်ခုအဖြစ် ပါဝင်လျက်ရှိပါသည်။