ကရဝိတ်နန်းတော်

Listing Description

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးပတ်လမ်းတွင် တည်ရှိသည့် ကရဝိတ်နန်းတော်စားသောက်ဆိုင်သည် ရွှေရောင်တောက်ပသော ကရဝိတ်ငှက်နှစ်ကောင် ကန်တော်ကြီးဥယျာဉ်၏ ရေမျက်နှာပြင်ပေါ်တွင် တူယှဉ်တွဲနေသည့်ပုံစံဖြင့် ခမ်းနားစွာ တည်ရှိပါသည်။ မြန်မာတိုင်းရင်းသားတို့၏ ခမ်းနားထည်ဝါလှသော ရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှုနှင့် ပေါင်းစပ်၍ ရင်သပ်ရှုမောဖွယ် အကအလှများဖြင့် မြန်မာ့ရိုးရာအစားအသောက်များကို တည်ခင်းဧည့်ခံလေ့ရှိသည့် မြန်မာပြည်တွင် တစ်ခုတည်းသော နေရာဖြစ်ပါသည်။ တော်ဝင်နန်းတော်ကြီးသဖွယ် ကရဝိတ်နန်းတော်စားသောက်ဆိုင်တွင် မြန်မာ့ရိုးရာဆိုင်းဝိုင်းနှင့်တကွ တခြားတိုင်းရင်းသားများ၏ ရိုးရာအကအလှများဖြင့် တင်ဆက်‌ပေးလေ့ရှိပြီး ညစာစားသုံးအပန်းဖြေနိုင်သည့် စားသောက်ဆိုင် တစ်ဆိုင်ဖြစ်ပါသည်။