သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်)

Listing Description

သွားဘက်‌ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)သည် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သွပ်ဝိုင်းကြီးရပ်ကွက်၊ သံသုမာလမ်း၊ အမှတ်(၅၈၂)တွင်တည်ရှိပြီး မြန်မာနိုင်ငံရှိ သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ် နှစ်ခုအနက် တစ်ခုအပါအဝင်ဖြစ်ပါသည်။ သွားဘက်‌ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)ကို သွားဖက်ဆိုင်ရာဆေးပညာကျောင်းအနေဖြင့် ရန်ကုန်တက္ကသိုလ် ဆေးပညာဌာန လက်အောက်ခံအဖြစ် စတင်ခဲ့သည်။ ၁၉၆၄ တက္ကသိုလ်များ အက်ဥပဒေအရ သွားဘက်‌ဆိုင်ရာဆေးကောလိပ် အဖြစ် ၁၉၆၄ ခုနှစ်တွင် ဆေးတက္ကသိုလ်(၁) ရန်ကုန် အနီးတွင် ဖွင့်လှစ်ခဲ့ပြီး သွားဖက်ဆိုင်ရာဆေးပညာဘွဲ့ (Bachelor of Dental Surgery - BDS)ကို ပေးအပ်ခဲ့ပါသည်။ ၁၉၇၄ ခုနှစ်တွင် သွားဘက်‌ဆိုင်ရာဆေးတက္ကသိုလ် အဖြစ်ပြောင်းလဲ ဖွင့်လှစ်ခဲ့ကာ သွားဘက်‌ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး) မဖွင့်လှစ်မီ ၁၉၉၈ ခုနှစ်အထိ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော သွားဘက်‌ဆိုင်ရာဆေးတက္ကသိုလ်အဖြစ် တည်ရှိခဲ့သည်။ သွားဘက်ဆိုင်ရာဆေးပညာကောလိပ်ကို ၁၉၉၇ ခုနှစ်မှစ၍ ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းတွင် ကျောင်းဝင်းအသစ်နှင့် ပြောင်းရွှေ့ခဲ့ရာ အဆောက်အဦအသစ်များ၊ ဆေးပညာရပ်အသစ်များ၊ ကျွမ်းကျင်သောသွားဆရာဝန်အသစ်များဖြင့် ၂၀၀၃ ခုနှစ်တွင် ပြည့်စုံသောတက္ကသိုလ်တစ်ခု ဖြစ်လာခဲ့ပါသည်။ သွားဘက်‌ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်) မှ ပေးအပ်သော ဘွဲ့များမှာ သွားဖက်ဆိုင်ရာဆေးပညာဘွဲ့ (BDS)၊ မဟာဘွဲ့ (MDSc) နှင့် ပါရဂူဘွဲ့ (DrDSc)များဖြစ်ကြပြီး ဒီပလိုမာဘွဲ့များအနေဖြင့် သွားဖက်ဆိုင်ရာဆေးပညာဒီပလိုမာ (DipDSc) နှင့် သွားဖက်ဆိုင်ရာနည်းပညာဒီပလိုမာ (DDT) တို့ဖြစ်ပါသည်။