ပန်းတမော့ကျွန်း

Listing Description

ပန်းတမော့ကျွန်းသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့နယ်ခွဲ ဂျိတ်လတ်ကျေးရွာ အနီးတွင် တည်ရှိပါသည်။ ကျွန်း၏ အကျယ်အဝန်းမှာ ဧရိယာ ၄၆.၅၄ဧက ကျယ်ဝန်းပြီး ကျောက်တောင်များ တောအုပ်များနှင့် ကြည်လင်လှပသော ရေပြင်သဘာဝ သန္တာကျောက်တန်းများ၊ ပြန့်ဖြူးသော ကမ်းစပ်တို့ဖြင့် လှပသော ကျွန်းတစ်ကျွန်းဖြစ်သည့်အတွက် ပြည်တွင်း ပြည်ပ ခရီးသွားများမှာ စိတ်အေးချမ်းသာစွာ အပန်းဖြေနိုင်ပါသည်။  ကျွန်းပေါ်တွင် အခြေချနေထိုင်သူများ မရှိဘဲ ငါးဖမ်းလှေငယ် အနည်းအကျဉ်းသာ ယာယီတည်းခိုလေ့ရှိပါသည်။