ပျဉ်းမနားမြို့ ဆုတောင်းပြည့် လောကမာရဇိန်စေတီတော်၌ ဆီမီး၊ ပန်း၊ နံ့သာ၊ ရေချမ်း ၅၀၀၀ ကပ်လှူပူဇော်

Listing Description

နေပြည်တော် နိုဝင်ဘာ ၁

နေပြည်တော် ပျဉ်းမနားမြို့နယ် ရန်အောင်(၂)ရပ်ကွက်တွင် တည်ထားကိုးကွယ် ၊ လျက်ရှိသည့် ဆုတောင်းပြည့်လောကမာရဇိန်စေတီတော်မြတ်ကြီးတွင် (၃၁) ကြိမ်မြောက် ပန်းစေတီနှင့် ဆီမီးငါးထောင်၊ ပန်းပေါင်းစုံငါးထောင်၊ နံ့သာ ငါးထောင်နှင့် ရေချမ်းငါးထောင်ကပ်လှူပူဇော်ပွဲကို အောက်တိုဘာ ၃၁ ရက် ၊ (သတင်းကျွတ်လပြည့်နေ့) ည၇ နာရီတွင် စေတီတော် ရင်ပြင်ပေါ်၌ ကျင်းပသည်။

ပန်းစေတီနှင့် ဆီမီးငါးထောင်၊ ပန်းပေါင်းစုံငါးထောင်၊ နံ့သာငါးထောင်နှင့် ၊ ရေချမ်းငါးထောင် ကပ်လှူပူဇော်ပွဲနှင့်ပတ်သက်၍ ယခင်နှစ်များတွင်တော့ ခုလိုကပ်လှူပူဇော်ပွဲတွင် ဘုရားဖူးများနှင့် အလွန်ပင် စည်ကားကြောင်း ယခုနှစ်မှာတော့ ကိုဗစ်-၁၉ ရောဂါကြောင့် စေတီတော်ဂေါပကအဖွဲ့ဝင်များ နှင့်သာ အစဉ်အလာမပျက်ပူဇော်ပွဲကို ကျင်းပရကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရသောကြောင့် ပူဇော်ပွဲ ကို အကျဉ်းချုံသာဆောင်ရွက်ကြောင်း ဆုတောင်းပြည့်လောကမာရဇိန်စေတီ တော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဝင်းက ပြောကြားသည်။

ဆီမီးငါးထောင်၊ ပန်းပေါင်းစုံငါးထောင် နံ့သာငါးထောင်နှင့် ရေချမ်းငါးထောင် ၊ ကပ်လှူပူဇော်ပွဲကို နှစ်စဉ်သီတင်းကျွတ်လပြည့်နေ့တိုင်း ကျင်းပလာသည်မှာ (၃၁) ကြိမ်မြောက်ခဲ့ပြီဖြစ်ပြီး ပန်းစေတီ ပူဇော်ခြင်းကိုတော့ လေးနှစ်သာရှိသေး ကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)