နန္ဒမညာဘုရား (နန္တပညာဘုရား)

Listing Description

နန္ဒမညာဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံဒေသ၊ မင်းနန်သူရွာမြောက်ပိုင်းတွင် တည်ရှိပါသည်။ နန္တပညာ၏ အဓိပ္ပါယ်မှာ အဆုံးအစမရှိသော ပညာဉာဏ်ဟူ၍လည်းကောင်း၊ အနန္တပညာဘွဲ့အမည်ရှိ မထေရ်မြတ် သီတင်းသုံးရာ ဥမင်အနီးတွင် တည်ရှိခြင်းကြောင့်လည်းကောင်း အစွဲပြု၍ ခေါ်တွင်ခြင်းဖြစ်ပါသည်။ အရှေ့ဘက်မုခ်လည့် စေတီပေါက်လိုဏ်တစ်ဆင့် ဂူဘုရားဖြစ်ပါသည်။ ဂူဘုရား၏ အပြင်ဘက်တွင် အင်္ဂတေပန်းလက်ရာများ၊ ဘုရားအတွင်းတွင် တန္တရအယူဝါဒဆိုင်ရာ နံရံပန်းချီများ၊ ဗုဒ္ဓဝင်ဆိုင်ရာ နံရံပန်းချီဇာတ်ကွက်များနှင့် ကနုတ်ပန်းများကို တွေ့ရှိရပါသည်။ ဘုရားအတွင်း၌ စိုက်ထူထားသော ကျောက်စာအရ ခရစ် ၁၂၄၈ ခုနှစ်တွင် နရပတိစည်သူမင်းကြီး၏ အမိန့်ဖြင့် တည်ထားကိုးကွယ်ခဲ့သည်ဟု သိရှိရပါသည်။