ဘုရားမာစေတီ

Listing Description

ဘုရားမာစေတီသည် ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း သရေခေတ္တရာပျူမြို့ဟောင်း၏ အရှေ့မြောက်ဘက် ပြည်-ပေါက်ခေါင်း ကားလမ်းဘေး ကုန်းရိုးတွင်းပြည့်ကျေးရွာအနီးတွင် တည်ရှိပါသည်။ ပျူခေတ်အလယ်ပိုင်း အေဒီ ၄-၇ ရာစုတွင် တည်ထားခဲ့သော စေတီဖြစ်ပြီး ဒွတ္တပေါင်မင်းတည်ထားခဲ့သော စေတီကိုးဆူအနက် တစ်ဆူအပါအဝင်ဖြစ်ပါသည်။ စေတီ၏ ပုံသဏ္ဌာန်သည် အခြေ၌ပြောင်းရှည်ပုံသဏ္ဌာန်ရှိပြီး အပေါ်သို့ ကန်တော့ပုံသဏ္ဌာန် တဖြည်းဖြည်း ခုံးသွားသော ပုံသဏ္ဌာန်ဖြစ်ပါသည်။ ပစ္စယံ (၄) ဆင့်ပါရှိပြီး ထောင့် (၁၆) မြှောင့်ပါသော ပစ္စယံ (၃)ဆင့်နှင့် ထိပ်ဆုံးပစ္စယံမှာ အဝိုင်းပုံသဏ္ဌာန်ရှိပါသည်။ ဉာဏ်တော်အမြင့်ပေ ၁၃၈ ပေရှိပြီး လုံးပတ်မှာ ၃၁၂ ပေရှိပါသည်။ စေတီတော်သည် ယခုခေတ် စေတီများ၏ ရှေ့ပြေးပုံစံ အသွင်မျိုးဖြစ်ပါသည်။