ငလိုက်ကန်သာအပန်းဖြေစခန်း

Listing Description

ငလိုက်ကန်သာအပန်းဖြေစခန်းသည် နေပြည်တော်မှ ၇ မိုင်အကွာ၊ ကျွဲရှင်းကျေးရွာအနီးတွင် တည်ရှိပြီး ငလိုက်ရေလှောင်တမံ၏ ရေစပ်ကမ်းခြေတလျှောက်၌ တည်ဆောက်ထားပါသည်။ ၂၀၀၈ခုနှစ် ဧပြီလ ၈ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည့် ငလိုက်ကန်သာ အပန်းဖြေဥယျာဉ်စခန်းသည် ဆည်ရေလှောင်တမံနှင့် သဘာဝပတ်ဝန်းကျင် အေးချမ်းသာယာမှုကို ခံစားနိုင်ရန် တည်ဆောက်ပေးထားသော သဘာဝ Eco Resort တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသော၂၀၁၃ ခုနှစ် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးတွင် ထိုငလိုက်ရေလှောင်တမံ၌ လှေလှော်ပြိုင်ပွဲများ ကျင်းပခဲ့သည်။ ခရီးသွားဧည့်သည်များ ရက်ရှည်နားနေနိုင်ရန် ကျွန်းသစ်များဖြင့် မြန်မာရိုးရာအတိုင်း ဆောက်လုပ်ထားသော နှစ်ထပ်ပျဉ်ထောင်အိမ်များလည်းရှိသည်။ နေထွက်နေဝင်ချိန်ကို ကြည့်ရှုနိုင်ပြီး ငလိုက်ရေလှောင်တမံထဲတွင် ငါးမျှားနိုင်ကာ ငလိုက်စခန်းသာဆင်စခန်းတွင်လည်း ဆင်စီးနိုင်သည့်အပြင် ကျွန်းတောကြီးထဲတွင် တည်ဆောက်ထားသော တောတွင်းဖြတ်လျှောက်သစ်သားတံတားကြီး ပေါ်ကိုလည်း ဖြတ်လျှောက်နိုင်ပါသည်။ လာရောက်အပန်းဖြေသူများအတွက် အပန်းဖြေနားနေစရာ ရေချိုးဆိပ်၊ ရေလယ်ကျွန်းနှင့် နားနေစခန်း၊ လှေ၊ ဖောင်ဖြင့် ကြည့်ရှုနိုင်သည့်နေရာများ ပါဝင်ဖွဲ့စည်းထားပါသည်။