ဧရာဝတီတံတား (ထီးချိုင့်)

Listing Description

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နှင့် အရှေ့ဖက်ကမ်း မြတောင်ကျေးရွာတို့ကို ဆက်သွယ်ထားသည့် ဧရာဝတီမြစ်ကူးတံတားတစ်စင်းဖြစ်သည်။ တကောင်း-ဗန်းမော်လမ်းနှင့် ရွှေဘို-မြစ်ကြီးနားလမ်းတို့ကို ဆက်သွယ်ပေးသောလမ်းပေါ်တွင် တည်ရှိပါသည်။ တံတားကြီး၏ Up Stream ဘက် မြစ်၏ အရှေ့ဖက်မှ ရွှေလီမြစ်စီးဝင်ပါသည်။ ၂၀၁၄ မေလ ၅ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ စုစုပေါင်းတံတားအရှည် ၇၇၃၀ ပေရှိသည်။

#ဧရာဝတီမြစ်ကူးတံတား (ထီးချိုင့်တံတား)