ငလိုက်စခန်းသာဆင်စခန်း

Listing Description

နေပြည်တော်မှ ၇ မိုင်ခန့်အကွာ၊ ငလိုက်ကန်သာအပန်းဖြေစခန်းအနီး၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် (၂၁၇/၀) ဘေး အနောက်ဖက် ၂ ဖာလုံအကွာတွင် တည်ရှိကာ ငလိုက်ကြိုးဝိုင်းအကွက်အမှတ် (၇၈)၊ အကျယ်အဝန်းအားဖြင့် ၅၇၃ ဧကကျယ်ဝန်းပြီး ဆင်စားကျက် ဧရိယာ ၂၈၈ ဧက ရှိသည်။ ယင်းဆင်စခန်းကို ၂၀၁၇ ခုနှစ် မေလ ၈ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင် ဆင်အကောင်ရေ ၂၀ ကို ထိန်းသိမ်းစောင့်ရှောက် မွေးမြူထားသည်။ ဆင်စခန်းအတွင်း၌ ၄၈၁၇ ပေရှိ မြန်မာနိုင်ငံတွင် အရှည်ဆုံး သစ်သား “တောတွင်းဖြတ်လျှောက်တံတား” ကိုလည်း ဖြတ်လျှောက်ကြည့်ရှုနိုင်သည်။ ဆင်စခန်း၌ ဆင်စာကျွေးခြင်း၊ တောတွင်း ခရီးတို၊ ခရီးရှည် ဆင်စီးခြင်းဖြင့် အပန်းဖြေနိုင်ပြီး ဆင်ပြတိုက်၌လည်း ဆင်အကြောင်း ဗဟုသုတများ၊ စခန်းတွင်း စိုက်ပျိုးထားသည့် သစ်စိုက်ခင်းများကို လေ့လာနိုင်သည်။