နတ်မောက်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ သက်ဆိုင်ရာမဲရုံအလိုက် လွတ်လပ်စွာဆန္ဒမဲပေး

Listing Description

နတ်မောက် နိုဝင်ဘာ ၈

နတ်မောက်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာမဲရုံများတွင် ယနေ့နံနက် ၆ နာရီ မှစ၍ မဲဆန္ဒရှင်ပြည်သူများ သက်ဆိုင်ရာ မဲရုံအလိုက် ပျော်ရွှင်လွတ်လပ်စွာ ဆန္ဒမဲပေး လျက်ရှိသည်။

နတ်မောက်မြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာအသီးသီးရှိ မဲရုံများတွင် မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံမှူး၊ ဒု-မဲရုံမှူးနှင့် မဲရုံဝန်ထမ်းများသည် ဆန္ဒမဲ ထည့်မည့် မဲပုံးများအတွင်း မည့်သည့်အရာမျှ မရှိကြောင်း အသိသက်သေများ၏ ရှေ့မှောက် တွင်ပြသ၍ လုံခြုံရေးကြိုးများဖြင့် စနစ် တကျပိတ်ပြီး ဆန္ဒမဲပေးခွင့်ရှိသူပြည်သူများ စတင်မဲပေးနိုင်ပြီဖြစ်ကြောင်း အသံချဲ့စက်ဖြင့် အသိပေးကြေညာသည်။

ထို့နောက် ဆန္ဒမဲပေးသူပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လက်သန့် ဆေးရည်ဖျန်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်းများ အသစ်လဲလှယ်ပေးခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေခွာ၍ ဝင်ရောက် စေခြင်း၊ မဲစာရင်းစစ်ဆေးခြင်း၊ မဲလက်မှတ် ထုတ်ပေးခြင်း၊ မဲထည့်ခြင်း၊ မဲထည့်ပြီးကြောင်း အမှတ်အသားအဖြစ် လက်သန်းတွင် မင်တို့ ခြင်းများကို စနစ်တကျ ဆောင်ရွက်ပေးလျက် ရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူ ပြည်သူများကလည်း မိမိတို့၏ဆန္ဒအလျောက် လွတ်လပ်စွာနှင့် စိတ်ချမ်းမြေ့စွာ ဆန္ဒမဲပေးလျက်ရှိသည်။

နတ်မောက်မြို့နယ်တွင် မဲရုံပေါင်း ၂၈၁ ရုံရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၁၉၀၀၀၀ ကျော်ရှိကာ ဆန္ဒမဲပေးခွင့်ရှိသူ ပြည်သူများ အဆင်ပြေချောမွေ့စွာနှင့် စိတ်ချမ်းမြေ့စွာ မဲပေးနိုင်ရေးအတွက် တာဝန်ရှိသူများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မူမူစန်း(ပြန်/ဆက်)