အရှင်ဝီရိယ (တောင်စွန်း)

Listing Description

ဆရာတော်ကို ၁၃၀၇ ခုနှစ်တွင် နတ်မောက်မြို့နယ်၊ ဥယျာဉ်တောင်ရွာတွင် ဦးပု+ဒေါ်မင်းစိန် တို့မှ မွေးဖွားသည်။

၁၃၁၉ ခုနှစ်တွင် ရှင်သာမဏေ ဝတ်သည်။ ၁၃၂၃ ခုနှစ်တွင် အမရပူရ တူမောင်းကျောင်းတိုက်သို့ ရောက်ရှိသည်။ ၁၃၂၅ ခုနှစ်တွင် ပထမငယ်တန်း၌ တစ်နိုင်ငံလုံး တတိယဖြင့် အောင်မြင်သည်။ ၁၃၂၆ မှ စတင်ကာ တူမောင်းတိုက်တွင် သာမဏေဘဝဖြင့် စာချစာသင် တာဝန်နှစ်ရပ်ကို ထမ်းဆောင်ခဲ့သည်။

၁၃၃၂ ခုနှစ်တွင် သာသနဓဇ ဓမ္မစရိဘွဲ့ကို ရရှိခဲ့သည်။ ၁၃၄၂ ခုနှစ် တိပိဋက ရွေးချယ်ရေးစာမေးပွဲတွင် ပိဋကတ် တစ်ပုံဆောင် ဒီဃဘာဏတဘွဲ့ကို ရရှိခဲ့သည်။ ၁၃၄၃ ခုနှစ်တွင် ဒီဃနိကာယအဂ္ဂဓမ္မာစရိယ ဘွဲ့ကို တစ်နိုင်ငံလုံး ဒုတိယဖြင့် ရရှိခဲ့သည်။

၁၃၄၂ ခုနှစ်ကစပြီး အမရပူရမြို့ တူမောင်းကျောင်းတိုက်၊ တောင်ကြီးမြို့ သိမ်တောင်ပရိယတ္တိတိုက်တို့တွင် ပဋ္ဌာန်းညဝါကို နှစ်စဉ် တစ်နှစ်(၂)ကြိမ် ပို့ချခဲ့သည်။

၂၀၀၀ ခုနှစ်မှ စ၍ စာရေးဆရာကြီးမောင်မဲ၊ ကံထွန်းသစ် နှင့် ရဝေနွယ် (အင်းမ) တို့၏ တိုက်တွန်းမှုအရ မြတ်သတိဝါဒီ၊ ဓမ္မရိပ်၊ ဓမ္မဗျူဟာ၊ အတွေးသစ်၊ အလင်းတန်း၊ ရွှေမန္တလေး စသည်တို့တွင် မထေရ်မြတ်တို့ စကားဝိုင်းနှင့် ဓမ္မရေးရာ စာပေများ ရေးသားခဲ့သည်။

အခါအားလျော်စွာ တရားဓမ္မဟောကြားခြင်း၊ ယဉ်ကျေးလိမ္မာသင်တန်းများ ပို့ချခြင်း စသည့် လောကရေး၊ ဓမ္မရေး အလုပ်များကို အစွမ်းရှိသရွေ့ လုပ်ဆောင်လျက် ရှိသည်။

လုံးချင်းစာအုပ်များအဖြစ် မထေရ်မြတ်တို့စကားဝိုင်း၊ ကြောက်တတ်ရင်ရှေ့တိုး၊ လျှောက်တတ်ရင် လမ်း၊ စိန်ခေါ်ရင် တိမ်ပေါ်ရောက်ရမယ်၊ အောင်ပွဲဆင်မယ့် ခြေလှမ်းများ၊ ဖောင်ဖျက်တိုက်ပွဲ၊ ရှင်ရာဟုလာရတဲ့ အမွေများ၊ တရားဦး၊ ယောက်ျားမြတ်တို့ အမှတ်လက္ခဏာ၊ ဘုန်းရယ်ကံရယ်ကုသိုလ်ရယ်၊ ဗောဓိပက္ခိယတရား၊ ငြိမ်းချမ်းပါစေ စသည့် စာအုပ်ကြီးငယ် စုစုပေါင်း ၁၇ အုပ် ထွက်ရှိပြီး ဖြစ်သည်။

ရေးသားခဲ့သည့် စာပေများ

အငိုရပ်အောင် ချစ်တတ်သူနှင့် ရှင်ရာဟုလာရတဲ့ အမွေများ