နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားရုံတည်ဆောက်မှု  ၇၀  ရာခိုင်နှုန်း ပြီးစီးနေ

Listing Description

ရန်ကုန်  ဒီဇင်ဘာ   ၃

ပြည်တွင်း  ပြည်ပ ပြိုင်ပွဲများ ကျင်းပ နိုင်မည့် နိုင်ငံတကာအဆင့်မီ ဖူဆယ် အားကစားရုံ   တည်ဆောက်မှုမှာ          ၇၀  ရာခိုင်နှုန်း  ပြီးစီးနေပြီဖြစ်သည်။ (အောက်ပုံ) မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)  ၏  ပံ့ပိုးမှုဖြင့်  နိုင်ငံတကာ အဆင့်မီ     ဖူဆယ်အားကစားရုံကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်း သုဝဏ္ဏဘောလုံးကွင်း ဧရိယာအတွင်း တည်ဆောက်နေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖူဆယ် အားကစားရုံ ရှားပါးသည့်အပြင် ရန်ကုန်မြို့တွင်  ဖူဆယ်အားကစား နည်းအတွက် အားကစားရုံ မရှိသောကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေဖြင့် ပြည်တွင်းပြိုင်ပွဲများ တိုးမြှင့်ကျင်းပနိုင်ရန်၊ နိုင်ငံတကာ ဖူဆယ်ပြိုင်ပွဲများ လက်ခံကျင်းပ နိုင်ရန်နှင့် ဖူဆယ်အားကစားလောက ပိုမိုဖွံ့ဖြိုးလာစေရန်  ကြိုးပမ်းလျက် ရှိပြီး  ပရိသတ်  ၂၀၀၀  ဆံ့  ဖူဆယ် အားကစားရုံကို   အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။

ယင်းအားကစားရုံကို ပြီးခဲ့သည့် နှစ်က    စတင်တည်ဆောက်ခဲ့ပြီး ကိုဗစ် - ၁၉ ရောဂါအခြေအနေကြောင့် လုပ်ငန်းကြန့်ကြာမှုများ  ရှိခဲ့သော် လည်း ၇၀  ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ် ကာ ကျန်ရှိသည့်  ၃၀  ရာခိုင်နှုန်းကို  ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင်    အပြီး တည်ဆောက်သွားမည်ဖြစ်သည်။ အဆိုပါ အားကစားရုံကို  တာဝန်ယူ တည်ဆောက်နေသည့်  ကုမ္ပဏီက ၂၀၂၁     ခုနှစ်    မတ်လမကုန်မီ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ထံ လွှဲပြောင်းပေးအပ်မည်ဖြစ်သည်။

မြန်မာနိုင်ငံ  ဘောလုံးအဖွဲ့ချုပ် အနေဖြင့်  ယင်းဖူဆယ်ရုံပြီးစီးသွားပါက   ပြည်တွင်းဖူဆယ်ပြိုင်ပွဲများ တိုးမြှင့်ကျင်းပမည့်အပြင် နိုင်ငံ တကာပြိုင်ပွဲကိုလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရန်   ကြိုးပမ်းသွား မည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည်  ယခင်က  ပြည်တွင်း ဖူဆယ်ပြိုင်ပွဲများ ကျင်းပပါက အမျိုးသားအားကစားပြိုင်ပွဲ ရုံ-၁ သုဝဏ္ဏနှင့်   အမျိုးသားအားကစား ပြိုင်ပွဲရုံ - ၂ လှိုင်တို့ကို အသုံးပြုခဲ့ရ သည်။

ယခု   တည်ဆောက်နေသည့် ဖူဆယ်အားကစားရုံမှာ မတ်လကုန် နောက်ဆုံး ပြီးစီးမည်ဖြစ်သောကြောင့် လာမည့်နှစ်တွင်  ဖူဆယ်လိဂ်အပါ အဝင် အခြားပြိုင်ပွဲများ ကျင်းပပါက ယင်းအားကစားရုံသစ်တွင်   ကျင်းပ နိုင်မည်ဖြစ်သည်။

ညီမြတ်သော်တာ၊

ဓာတ်ပုံ - MFF