မြစိမ်းတောင်စေတီတော်

Listing Description

တောင်ကြီးမြို့အရှေ့ဘက်ရှိ တောင်တန်းများအနက် မြောက်ဘက်အစွန်ဆုံးကျသော တောင်ပေါ်၌ တည်ရှိသည်။ ထိုတောင်သည် ယခင်က 'ကျောက်ဖားတောင်' ဟု အမည်တွင်ခဲ့သည်။ မြစိမ်းတောင်စေတီ၏ ဒါယကာဖြစ်သော ဦးချစ်ထူးသည် ဤစေတီကို တည်ထားကိုးကွယ်ရန် အုတ်မြစ်ချစဉ်က အရည်နုသော မြကျောက်များကို တူးဖော်တွေ့ရှိခြင်း၊ ကျောက်ဖားတောင်အနီး နဂါးဂူအတွင်းမှ ၄ လက်မရှိသော မြဘုရားကိုပင့်ဆောင်ရရှိခြင်း၊ အလှူရှင်များကလည်း မြဘုရား ၇ ဆူနှင့် မြကလပ်တို့ကို လာရောက်လှူဒါန်းကြသည်ကို လက်ခံရရှိခြင်းတို့ကြောင့် ကျောက်ဖားတောင်ကို "မြစိမ်းတောင်"ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ကြပြီး စေတီတော်ကိုလည်း "မြစိမ်းတောင်စေတီ" ဟုခေါ်တွင်ခဲ့ကြသည်။ စေတီတော်၏ ဉာဏ်တော်အမြင့်မှာ ၁၀၈ တောင်ရှိပြီး စေတီတော်၏ အောက်ခြေမဏ္ဍိုင် တန်စောင်းလေးဖက်တွင် မုဒြာဟန်အမျိုးမျိုးဖြင့် ကြည်ညိုဖွယ်ရာ ဆင်းတုတော်များ ပူဇော်ထားပါသည်။ စေတီတော်တည်ရှိရာ တောင်မြောက်သွယ်တန်းနေသော တောင်တန်းပေါ်၌ ရွှေမုဋ္ဌောစေတီနှင့် ရွှေဘုန်းပွင့်စေတီတို့ တည်ရှိပါသည်။