ဒီပါအေးဆုတောင်းပြည့် ဗောဓိတစ်ထောင်ဘုရား

Listing Description

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ပြည်-ကံမ သွားကားလမ်းအနီးတွင် တည်ရှိသည်။ ဆရာတော် ဦးဝိမလက ပျက်စီးနေသော ပျူခေတ်လက်ရာ စေတီကုန်းနေရာ၌ စေတီအသစ်တစ်ဆူနှင့် ဗောဓိတစ်ထောင်ဘုရားများကို ၂၀၀၃ ခုနှစ် ဇူလိုင်လမှစတင်၍ တည်ထားကိုးကွယ်ခဲ့သည်ဟု သိရပါသည်။ ယခုအခါ ဗောဓိတစ်ထောင် သာသနာ့နယ်မြေတွင် ဘုရားဆင်းတုတော်များသာမက အခြားသော သာသနိက အဆောက်အအုံပေါင်းများစွာ တိုးပွားလျက်ရှိပါသည်။ ၉၁.၁၉ ဧက ကျယ်ဝန်းသော သာသနာ့မြေဧရိယာအတွင်း ဗောဓိပင်နှင့်ဘုရားများ၊ မုနိထွတ်တင် သစ္စာရှင်ရုပ်ပွားတော်ကြီးများ၊ ဒီပါအေးဆုတောင်းပြည့်စေတီတော်၊ အလင်းသစ္စာဗိမာန်၊ သူတော်စင်ဓာတ်နန်း၊ ဒီပါအေးသိမ်၊ နဂါးရုံဘုရား၊ သာသနာ့ပါလကျောင်းဆောင် စသော အဆောက်အအုံများစွာ ရှိပါသည်။