မင်းလှခံတပ်

Listing Description

မင်းလှခံတပ်သည် ဧရာဝတီမြစ်ကမ်းထိပ် မင်းလှမြို့တွင် တည်ရှိပြီး လေးထောင့် စတုရန်းသဏ္ဌာန် ဆင်ဆင်ရှိသည်။ ကနောင်မင်းသားကြီးမှကြီးကြပ်လျက် ပြင်သစ် အင်ဂျင်နီယာတစ်ဦးနှင့် အီတာလျံ အင်ဂျင်နီယာ တစ်ဦးပေါင်း ၂ ဦးတို့က မြန်မာစစ်ဘက်အင်ဂျင်နီယာများနှင့် ပူးပေါင်း တည်ဆောက်ခဲ့ရာ သက္ကရာဇ် ၁၂၂၂-၂၃ ခုနှစ်တွင် စတင်တည်၍ ၁၂၂၅ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ခံတပ်၏ အလျားမှာ(အပြင်မှ) ၁၇၃ ပေ ၇ လက်မ၊ ခံတပ်၏ အပြင်အနံမှာ ၁၃၁ ပေ ၄ လက်မဖြစ် သည်။ ခံတပ်နှင့် လေးဖာလုံခန့်အကွာ ရှစ်မျက်နှာဘုရားအနီးတွင် ၁၀ပေ ပတ်လည်ခန့်ရှိပြီး တိုင်လေးတိုင် သွပ်မိုးသွပ်ကာအဆောက်အအုံဖြစ်သော မြန်မာဘုရင်ခေတ် ကြေးနန်းရုံ တစ်ခုရှိပါသည်။