မဟာမြတ်မုနိဘုရား (မော်လမြိုင်)

Listing Description

မဟာမြတ်မုနိဘုရား သည် မော်လမြိုင်မြို့ အရှေ့ဘက်ရှိ တောင်ရိုးတန်းပေါ်တွင် တည်ရှိသည့် ရုပ်ပွားတော်တစ်ဆူ ဖြစ်သည်။ ဝဇီရာရာမဆရာတော်သည် ကျောင်းဒါယကာမ ဒေါ်ရွှေပွင့်အား မန္တလေးရှိမဟာမြတ်မုနိရုပ်ပွားတော် ၏ ပုံတော်ကို ကူးယူစေပြီး ၁၂၆၆ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်နေ့တွင် ကျိုက်သလ္လံကုန်းတော် မြောက်ဖျားတောင်စွယ်၌ ရုပ်ပွားတော်ကို သွန်းလုပ်ခဲ့ပါသည်။ ရုပ်ပွားတော်ကို ပြုလုပ်ရာတွင် ရွှေသား ၁၈၄၃ ကျပ်၊ ငွေသား ၆၂၈၄ ကျပ် ထည့်သွင်းကာ ပြုလုပ်ခဲ့သည်။ အိန္ဒိယနိုင်ငံသား မဒရာစီလူမျိုးတစ်ဦးဖြစ်သည့် ဂါနာပတီ သည် ၂၃ ရတီရှိ ပတ္တမြားကို သင်းကျစ်တော်တွင် ချယ်လှယ်ရန် လှူဒါန်းခဲ့သည်။