နောင်ဖာရေကန်

Listing Description

နောင်ဖာရေကန်သည် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ် ခိုလမ်မြို့အနီး ခိုလမ်မြို့မှ ၇ မိုင်ကျော်ခန့် အကွာတွင် တည်ရှိသည်။ အလျား ၂ မိုင်ကျော်၊ အနံ ၁ မိုင်ကျော်ကျယ်ဝန်းသည့် နောင်ဖာကန်၏ ပတ်ပတ်လည်တွင် တောင်တန်းများဖြင့် ဝန်းရံထားလျက် ကြာပန်းများနှင့် ရေငှက်များပျော်မြူးကာ သာယာလှပလျက်ရှိသည်။ ကန်အလယ်ရှိ ကျွန်းပေါ်သို့ ဦးပိန်တံတားကဲ့သို့ ပုံသဏ္ဌာန်ရှိသည့် သစ်သားတံတားတစ်စင်း တည်ဆောက်ထားပါသည်။ ၎င်းကျွန်းပေါ်တွင် မိုင်းဖုန်းဆရာတော် တည်ထားသည့် စေတီတစ်ဆူ ရှိပါသည်။ ရေကန်တွင် စက်လှေစီး၍လည်း ကန်၏အလှကို ကြည့်ရှုခံစားနိုင်ပါသည်။