ကုလားကုတ်ကျွန်း

Listing Description

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲအတွင်း တည်ရှိပါသည်။ ကုလားကုတ်ကျွန်းသည် တောင်မြောက်အရှည် ၇ မိုင်၊ အရှေ့အနောက်အရှည် ၂ မိုင်ရှိပြီး ကျွန်း၏အရှေ့ဘက်တွင် ကော့ဒွတ်ရွာ၊ အနောက်ဘက်တွင် ပင်လယ်ပြင်ကြီးရှိသည်။ ၁၈၈၂ ခုနှစ်ခန့်မှစတင်၍ ယင်းကျွန်း၌ လူများလာရောက်အခြေချ နေထိုင်ခဲ့ကြပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ ရေလုပ်ငန်း၊ ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ကျွန်းပေါ်တွင် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဘယ်ဘက်ခြေတော်ရာတစ်ဆူနှင့် သက်တမ်း နှစ် ၁၃၀ ကျော်ရှိ ညောင်ပင်ကြီးကိုလည်း တွေ့မြင်နိုင်ပါသည်။ ထို့ပြင် ၁၈၈၂ ခုနှစ်တွင် ဘုံဘေဘားမား ကုမ္ပဏီလုပ်ကိုင်ခဲ့သော ကျောက်မိုင်းများ ဖြိုသည့်နေရာရှိ အဆောက်အအုံဟောင်းများကိုလည်း လေ့လာတွေ့မြင်နိုင်ပါသည်။