ကဗျာဝကမ်းခြေ

Listing Description

ကဗျာဝကမ်းခြေသည် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲထဲမှ ကဗျာဝရွာ အနီးတွင်တည်ရှိပါသည်။ ရေးမြို့မှ မိုင် ၂၀ ခန့်အကွာတွင်တည်ရှိသော သာယာလှပသော ကမ်းခြေတစ်ခု ဖြစ်ပါသည်။ ကမ်းခြေသည် အနည်းငယ် တိုတောင်းပြီး ရေလှိုင်းမကြီးသောကြောင့် ရေအငြိမ်တွင် လှိုင်းဖော့ဖော့စီးရင်း အပန်းဖြေအနားယူရန် အဆင်ပြေစေပါသည်။ မွန်လက်ရာအတိုင်းချက်ထားသည့် ပင်လယ်စာများရောင်းချပေးသော စားသောက်ဆိုင်များနှင့် တည်းခိုခန်းများလည်း ကမ်းခြေတစ်ဝိုက်တည်ရှိပါသည်။