ကျောင်းရွာချောင်း

Listing Description

ကျောင်းရွာချောင်းသည် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအုပ်စုရှိ ရေးမြစ်နှင့် မင်းလှချောင်းဆုံရာ ကျောင်းရွာကျေးရွာအနီး စီးဆင်းနေသည့် ရောဂါဝေဒနာများ ပျောက်ကင်းသည်ဟု ယုံကြည်ယူဆမှုများကြောင့် ရေးမြို့နယ်အတွင်း ထင်ရှားသော ချောင်းတစ်ခုဖြစ်သည်။ ကျေးရွာအတွင်းရှိ မြစ်နှင့်ချောင်း ဆုံရာအရပ်တွင်တည်ထားသည့် ချောင်းနှစ်ခွရေလယ်စေတီကိုလည်း ဖူးမြော်နိုင်ပြီး ပတ်ဝန်းကျင်သဘာဝ အလှအပများ ကြည့်ရှု့ခြင်း၊ ကြည်လင်အေးမြသည့်ချောင်းရေချိုးကာ မြစ်ကမ်းအနီးစားသောက်ဆိုင်များတွင် အနားယူအပန်းဖြေနိုင်ပါသည်။