ကိုးခမ်းဘုရားကြီးနှင့်ဇရပ်

Listing Description

ကိုးခမ်းဘုရားကြီးသည် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ ရန်အောင် (၁) ရပ်ကွက်အတွင်း တည်ရှိသည်။ ၁၉၃၅ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် ပျဉ်းမနားမြို့မှ သူဌေးဦးလန်းနှင့် ဒေါ်မမလေးတို့မှ လောကရန်နှိမ်စေတီ အရှေ့မြောက်ဘက်ရှိ မြေကွက်လပ်ကို ဝယ်ယူပြီး ၁၄၀ ပေ ပတ်လည်ရှိ ကိုးခမ်းကြီးဇရပ်နှင့် ကြေးချိန် ၃၅၅၀ ပိဿာရှိ ကိုးခမ်းကြီးဘုရား သွန်းလုပ်ပူဇော်ခဲ့ပါသည်။ ပျဉ်းမနားမြို့၊ ရန်အောင် (၁) ရပ်ကွက်ရှိ ကိုးခမ်းကြီးဇရပ်နှင့် ဆင်ဖြူတောင်ခြေရှိ ကိုးခမ်းကြီးဇရပ် ၂ ဆောင်လုံးကို သူဌေးကြီးဦးလန်းနှင့် သူဌေးကတော် ဒေါ်မမလေးတို့မှ ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။